သမ္မတဟောင်းဦးသိန်းစိန်နှင့်ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းရန်ပုံငွေ အလွဲသုံးခြင်းမှာမဟုတ်ကြောင်း ဦးရိုးမူရှင်းလင်း

သံတော်ဆင့်သတင်းဂျာနယ် အတွဲ ၅ အမှတ် ၁၁ တွင် မျက်နှာဖုံးစာမျက်နှာ တွင်ပါရှိသော သမ္မတဟောင်းဦးသိန်းစိန် နှင့်အဖွဲ့အလွဲသုံးသည့် အမေရိကန်ဒေါ်လာ သန်း ၈ဝ ကျော် ကျောက်မျက်လုပ်ငန်း ရှင်များတောင်းဆိုဟူ၍ ဖော်ပြသောခေါင်း စဉ်ပါ သတင်းဆောင်းပါးတွင် သမ္မတ ဟောင်း ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီးဦးစိုးသိန်းတို့က ကျောက်မျက်ရတနာ အသင်းပိုင်ငွေကြေးများအလွဲသုံးသည်ဟု ထည့်သွင်းဖော်ပြ ခြင်းမှာမဟုတ်မှန်ကြောင်း ကျောက် မျက်ရတနာအသင်းချုပ် ဥက္ကဋ္ဌ ဦးရိုးမူကပြောသည်။

ယခုလ ၂ ရက် နံနက်ပိုင်းက နေပြည်တော် ကျောက်မျက်အချော ထည်ဈေးတွင် သတ္တုတွင်းဝန်ကြီး ဟောင်း ဒေါက်တာမြင့်အောင် ရှင်း လင်းခဲ့သည့် သတင်းစာရှင်းလင်းပွဲ အပေါ်အခြေခံ၍ ယနေ့ ညနေ ၄ နာရီ မိနစ် ၃ဝက ကျောက်မျက် ရတနာအသင်းချုပ်မှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ရာ အသင်းချုပ်ဥက္ကဋ္ဌဦးရိုးမူက ထိုသို့ ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့အသင်းက အလုပ်အမှုဆောင်တချို့ ရန်ကုန် တော်ဝင်နှင်းဆီမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်လုပ်သွားတာ ရှိပါတယ်။ ဒါသည် ကျွန်တော်တို့ အသင်းချုပ်ကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ အသင်းချုပ်မှာရှိတဲ့ အလုပ်မှုဆောင်တချို့ရဲ့လုပ်ဆောင် ချက်သာ ဖြစ်ပါတယ်။ ဂျာနယ်မှာ၊ သတင်းတွေမှာပါသလို သမ္မတ ဟောင်းဦးသိန်းစိန်နဲ့ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ကို ဒေါ်လာသန်းအချို့ပေးထားတယ် ဆိုတာလည်းမရှိပါဘူး”ဟု ပြော သည်။

ယခုလ ၂ ရက်က နေပြည် တော် သတင်းစာရှင်းလင်းပွဲတွင် ဦးရိုးမူ မလာရောက်နိုင်ခဲ့ခြင်းမှာ လည်း နိုင်ငံခြားခရီးစဉ်တစ်ခုထွက် နေသည့်အတွက် မလာရောက်နိုင် ခြင်းသာဖြစ်ပြီး ထွက်ပြေးတိမ်း ရှောင်နေခြင်းမဟုတ်ကြောင်း၊ ထို သို့ဖြစ်၍ ယနေ့သတင်းမီဒီယာ များနှင့် လာရောက်ရှင်းလင်းခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းလင်းပြော ကြားခဲ့သည်။
ယနေ့ သတင်းစာရှင်းလင်းပွဲ တွင် ကျောက်မျက်ရတနာအသင်း ချုပ်ဥက္ကဋ္ဌဦးရိုးမူအပါအဝင်ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်ရှင်းလင်း ခဲ့ကြသည်။

နေပြည်တော်သပြေကုန်းဈေး အနီးရှိ မဏိရတနာကျောက်စိမ်း ခန်းမနှင့်ြေိနါမေိနည အဆောက် အအုံဆောက်လုပ်ခသည် ယူရို ၄၃ သန်းကုန်ကျသည်ဟုကျောက်မျက် ရတနာအသင်း ဒုတိယဥက္ကဋ္ဌ(၂) ဦးမြင့်ဟန်ကပြောသည်။ ”အခု မီဒီယာတွေရေးနေသလို ယူရို ၉၃ သန်းပျောက်တာ မဟုတ်ပါဘူး။ စာရင်းဇယားတွေလည်းရှိပါတယ်။ အသင်းသားတွေကိုလည်း ဖြန့်ဝေ သွားမှာပါ”ဟု ၄င်းကပြောသည်။ ယမန်နေ့က နေပြည်တော် ရွှေကြာ ပင်ရပ်ကွက်ရှိ ကျောက်မျက်သင် တန်းကျောင်းတွင် ပြုလုပ်သော ကျောက်မျက်အရှုပ်တော်ပုံ သတင်း စာရှင်းလင်းပွဲတွင် ၄င်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ ထို့အပြင် သမ္မတဟောင်း ဦးသိန်းစိန်အား ယူရိုခုနစ်သန်းပေး ခဲ့ခြင်းမရှိသလို သမ္မတရုံး ပြည် ထောင်စုဝန်ကြီးဟောင်းဦးစိုးသိန်း အား ယူရိုငါးသန်းပေးအပ်ခဲ့ခြင်းမျိုး မရှိကြောင်း ၄င်းက ထပ်လောင်း ပြောသည်။

သာလှ(ပျဉ်းမနား)


Leave a Reply