ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ၏ ၁၁ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၈ ဇူလိုင်လ ၂၀၂၂(ကြာသပတေးနေ့)

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိသားစုများ၏  ၁၁ကြိမ်မြောက်စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲကို ယနေ့နံနက်(၀၉: ၃၀)ခန့်အချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ခဲ့ပြီး နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီးမှ တိပိဋကပစ္ဆာသာမဏ အရှင်ပညိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှုတော်ငွေများဆက်ကပ်ခဲ့ရာ ဆရာတော်မှ သာဓုအနုမောဒနာ တရားတော်များချီးမြှင့်ခဲ့ပြီး လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေးကာ ဗုဒ္ဓသာသနံ စိရံတိဿတု  သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ နေ့လည်(၁၁:၀၀)ခန့်အချိန်တွင် အခမ်းအနားအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ဆရာတော်များကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းခြင်းနှင့် ကြွရောက်လာသောဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိလူကြီးမင်းများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

အဆိုပါအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း၊ခရိုင်၊မြို့နယ် များမှ နာယကကြီးများ၊ မြို့နယ်ပါတီဥက္ကများနှင့် ကော်မတီဝင်များ ၊မြို့နယ်အတွင်းရှိစေတီတော်မှ ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အသီးသီးမှ အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိလူကြီးများ တက်ရောက်၍ ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။