ကွမ်းခြံကုန်းမြို့နယ်အတွင်း ဆိုင်ကယ်နှင့်ဘက်ထရီစက်ဘီး စီးနင်းခွင့် ပိတ်ပင်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်အတွင်း ဇွန် ၂၅ ရက် ညပိုင်းက ရက်အကန့်အသတ်မရှိ ဆိုင်ကယ်နှင့် ဘက်ထရီ စက်ဘီး စီးနင်းခွင့်ပိတ်ပင်သည်ဟု အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်သည့်မြို့နယ် ခြောက်မြို့နယ်အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်သည့် မြို့နယ်များမှာ သန်လျင်၊ ဒလ၊ တွံတေး၊ ကော့မှူးနှင့် လှိုင်သာယာမြို့နယ်တို့ ဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ်လည်း ထပ်မံပါဝင်လာခဲ့ခြင်းဖြစ်ကာ ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ကြောင်းကို ရပ်/ကျေးအဖွဲ့ဝင်များက ရပ်ကွက်အသီးသီးနှင့် လမ်းမများပေါ်တွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး ကြေညာခဲ့ခြင်းဖြစ်သည်။

ကွမ်းခြံကုန်းမြို့ နယ်နိမိတ်အတွင်းတွင်လည်း ဇွန် ၂၅ ရက်မှစတင်ကာ ရပ်ကွက်အချို့မှစတင်၍ ဆိုင်ကယ်အပြင် ဘက်ထရီစက်ဘီးများပါ စီးနင်းခွင့်မပြုကြောင်းနှင့် စီးနင်းသည်ကိုတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေး ယူသွားမည် ဖြစ်ကြောင်း ဇွန် ၂၅ ရက် ညပိုင်းက အသိပေးကြေညာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ယင်း ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်သည့် မြို့နယ်များသည် ဆိုင်ကယ်ဖြင့် အဓိကထားကာ အသုံးပြုသွားလာနေရသည့် မြို့နယ်များဖြစ်ပြီး ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခြင်းကြောင့် ဆိုင်ကယ်ဖြင့် သွားလာနေသူများအတွက် အခက်အခဲများဖြစ်နေကြောင်း သိရသည်။