ဘာကာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ

မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ နည်းပြသစ် တန်ဟတ်ဂ်ကိုယ်တိုင်ကလည်း အိုင်ယက်မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဒီယွန်းကို ခေါ်ယူဖို့ အသင်းဆီကိုတောင်းဆိုထားခဲ့တာပါ။ မန်ယူအသင်းဟာ ဒီယွန်းအတွက် စုစုပေါင်း ၆၉ သန်းပေးချေရမှာဖြစ်ပြီး ဇွန်လမကုန်ခင်မှာ အပြီးသတ်ခေါ်ယူသွားမယ်လို့ ကတ်တလန်အခြေစိုက် စပိန် Sport  သတင်းစာမှာဖော်ပြပါတယ်။

မန်ယူအသင်းဟာ ကနဦးတုန်းက ပေါင် ၅၆ သန်းနဲ့ တစ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဒုတိယအကြိမ် အနေနဲ့ ပေါင် ၆၉ သန်းနဲ့ကမ်းလှမ်းချိန်မှာ သဘောတူညီမှုရရှိတော့မှာပါ။ ဟော်လန်ကွင်းလယ်လူ ဒီယွန်းကို ဘာစီလိုနာအသင်းက ၂၀၁၉ ခုနှစ်က ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မန်ယူအသင်းကို ရောင်းချချိန်မှာ  ပေါင် ၆၉ သန်းအထိ  ရရှိတော့မှာဖြစ်ပါတယ်။