Samsung က 200MP စမတ်ဖုန်း ကင်မရာကို ကြေညာ

Samsung Electronics က စမတ်ဖုန်းတွေအတွက် စွမ်းရည်မြင့် ကင်မရာ အသစ်ကို ကြေညာလိုက်ပါတယ်။ 200 Megapixel ISOCELL HP3 ဖြစ်ပြီး အရင်မျိုးဆက်ထက် တိုးတက်မှုများစွာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

HP3 Sensor ဟာ 0.64μm pixels ပါတဲ့ ISOCELL HP1 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ HP3 Sensor မှာ အသေးဆုံး 0.56μm pixels ထည့်ထားပါတယ်။ တစ်နည်းပြောရရင် ကင်မရာ အသစ်မှာ အသေးဆုံး pixels ပါတဲ့ မြင့်မားတဲ့ Resolution Sensor ပါပါတယ်။ ကုမ္ပဏီက စမတ်ဖုန်းအတွက် ပရော်ဖက်ရှင်နယ် အဆင့် မြင့်မားတဲ့ Resolution ထောက်ပံ့ပေးတဲ့ Epic Resolution Pro လို့ ခေါ်တဲ့ နည်းပညာ အသစ်ကို ထည့်ပေးထားပါတယ်။

ISOCELL HP3 မှာ ၁၂ ရာခိုင်နှုန်း ပိုသေးတဲ့ Pixel အရွယ်အစား ပါလာပြီး ကင်မရာ ဧရိယာဟာ ၂၀ ရာခိုင်နှုန်းလောက် ကျုံ့သွားပါတယ်။ HP3 ဟာ 8K 30fps နဲ့ 4K 120fps Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

Sensor အသစ်ရဲ့ ထူးခြားချက်က Tetra2 pixel နည်းပညာ ဖြစ်ပါတယ်။ များသောအားဖြင့် Pixel ၄ ခုကို ပေါင်းစပ်ပေးတဲ့ Pixel Binning က အလင်းရောင် နည်းပါးတဲ့ အခြေအနေမှာ ပိုမို တောက်ပတဲ့ ရုပ်ပုံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ HP3 မှာတော့ Pixel ၁၆ ခုကို ၁ ခု အဖြစ် ပေါင်းစပ်ပေးနိုင်ပါတယ်။ သီအိုရီအရ ညဘက်မှာ စွမ်းဆောင်ရည် ပိုကောင်းဖို့အတွက် အလင်းရောင် ပိုမို ရရှိအောင် အရွယ်ကြီး Pixel Sensor ၁ ခုအဖြစ် ပံ့ပိုးပေးပါတယ်။ လက်ရှိမှာ HP3 ပါမယ့် စမတ်ဖုန်းတွေကို မသိရသေးပေမယ့် Galaxy S Series လို စွမ်းရည်မြင့် ဖုန်းတွေမှာ ပါလာနိုင်ပါတယ်။

Ref : gizmochina