ဝင်ငွေခွန် ဥပဒေသစ် ပြန်လည်ရေးဆွဲမည်

လက်ရှိ ရေးဆွဲထားသော ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအစား နိုင်ငံတကာတွင် ကောက်ခံလျက် ရှိသော နှုန်းထားနှင့် သတ်မှတ်ချက်များကဲ့သို့ စံချိန်မီသည့် ဝင်ငွေခွန် ဥပဒေသစ်တစ်ရပ်ကို ပြန်လည် ရေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဝင်ငွေခွန် ဥပဒေသစ် ရေးဆွဲနိုင်ရန် ယခုနှစ်အတွင်းမှ စတင်လုပ်ကိုင်နေပြီဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ရေးဆွဲနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ဒီဥပဒေပြီးရင်တော့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး အခုထက် ပိုကောင်းလာမယ်လို့ ထင်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။

လက်ရှိ အသုံးပြုနေသော ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက် များကိုလည်း အသစ်ပြန်လည် ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် လုပ်ဆောင် နေကြောင်း အဆိုပါဌာနထံမှ သိရသည်။

လက်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ဥပဒေ ပြဋ္ဌာန်းချက်အချို့ကို စီးပွားရေး လုပ်ငန်း ရှင်များက ဝေဖန်လျက်ရှိပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် အခွန်နှုန်းထား သတ်မှတ်ထားမှုမှာ ပြည်သူများ မပေးဆောင်နိုင်သည့် နှုန်းထား တစ်ရပ်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

The Voice Weekly


Leave a Reply