ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) တက်ရောက်ကြသည့် ဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ ရန်မှ တိမ်းရှောင်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား

ဇွန် ၉၊ နေပြည်တော်

ဆဋ္ဌမကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) သို့ တက်ရောက်လာကြသည့် ပါတီဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေရသော ပါတီဝင်များ ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနား အစီအစဉ်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ​ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးမှ လှူဒါန်းသည့် ငွေပဒေသာပင် သိန်း ၅၀ ကျပ်အား ပါတီအထွထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ လက်ခံခဲ့ပါသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်း​ဒေသကြီးအသီးသီးမှ ဗဟိုကော်မတီဝင်များ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် ၁၄၃ သိန်း ကျပ်အား ဆက်လက်လှူဒါန်းခဲ့ရာ အကြမ်းဖက်ရှောင်မိသားစုဝင်များမှ လက်ခံရယူခဲ့ပါသည်။

ထို့​နောက် အကြမ်းဖက်ရှောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။