ပါတီဗဟိုအတွင်းရေးမှူး ရွှေပြည်သာမြို့နယ် စာသင်ကျောင်းများတွင် အသုံးပြုရန် နှာခေါင်းစည်းများ လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၉

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ COVID-19 ကာလ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူ များ၏ ကျန်းမာရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေပြည်သာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးဝင်းမြင့်ထံသို့ နှာခေါင်းစည်း (Mask) အခု ၅ဝဝဝ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

ယင်းသို့လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ မြောက်ပိုင်းခရိုင်ပါတီ ကော်မတီဝင် ဒေါ်ချမ်း မြအေး၊ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲဆွေလှိုင်၊ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးလင်းအောင်အောင်တို့နှင့်အတူ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြတ်မြတ်ညွန့်(ရွှေပြည်သာ)