ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၉

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယနေ့နံနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ် စည်းရုံးခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ ကြာအင်းကြီးစံပြ ကျေးရွာနှင့် နဘဲပင်ကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်း စာစောင်များဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ ထိုသို့စည်းရုံးရေးဆင်းရာတွင် နဘဲပင်ကျေးရွာမှ တောင်သူလယ် သမားတစ်ဦးမှ ” မျိုးစေ့ကောင်းမလားလို့ စမ်းစိုက်ကြည့်ပါတယ်၊ ထွက်နှုန်းလည်းမကောင်းတဲ့အပြင် အဖျင်းတွေ ကများနေမှတော့ ဆက်စိုက်နေလည်းအလကားပဲ၊ အဲ့ဒီအတွက် အဲ့မျိုးစေ့ကိုဖယ်ပြီး ထွက်နှုန်းကောင်းတဲ့ အရင် မျိုးစေ့ပဲ ပြန်စိုက်တော့မယ်” လို့ သူတို့ရဲ့ တောင်သူလယ်သမားဘဝကို ထုတ်ဖော်ပြောကြားခဲ့သည်။

မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ #Waiyan