ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဇြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးကျင်းပသော ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ကာ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရသည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးရေးသားထားသော စာတမ်း လေးစောင်ဖတ်ကြားတင်သွင်းခြင်း၊ မြို့နယ်အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ၏ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ် ငန်းစဉ်များထုတ်ပြန်ခြင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ”ပြည်ခိုင်ဖြိုးဟေ့” တေးသီချင်းသံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် အမျိုးသမီးအဖွဲ့ဝင်များအား နေပြည်တော်ရှိ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးနှင့် သတ္တဌာန ဗုဒ္ဓဂယာသို့  ဘုရားဖူးလိုက်ပို့ပေးခဲ့ပါသည်။
အဆိုပါနှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ အကြံပေးနာယကများဖြစ်သော ဦးခင်မောင်ဌေး(အမျိုးသားလွှတ်တော် ကိုယ်စားလှယ် – ငြိမ်း)နှင့်ဇနီး ၊ ဦးမှတ်ကြီး(အမျိုးသားလွှတ်တော် ကိုယ်စားလှယ် – ငြိမ်း)နှင့်ဇနီး ၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ပျဉ်းမနားတာဝန်ခံ ဦးဝင်းမြင့်၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင် ပျဉ်းမနားတာဝန်ခံ ဒေါ်ဖြူဖြူကျော်၊ ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အမျိုးသမီးပါတီဝင်များ၊ သီဟသွေးသမီးငယ်များ စုစုပေါင်းအင်အား (၃၀၀) ကျော် တက်ရောက်ခဲ့သည်။

ပျဉ်းမနား ပြည်ခိုင်ဖြိုး ပါတီ