ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူ

 

ချောင်းဦး စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်ကို ယမန်နေ့ နံနက် ၁ဝ နာရီ က ငါးလုံးတင်ကျေးရွာ ဦးတေဇာမင်းနေအိမ်၌ စိုက်ထူကြရာ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ကာ စက်ခလုပ်နှိပ်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်တွင် ချောင်းဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းလွင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ညွန့်ဋ္ဌေး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်ပ (ခ) ဦးအောင်တိုးပုံများ ပါဝင်ကာ ကျေးရွာအတွင်း ပြည်ခိုင်ဖြိုးချစ်သူများက Covid-19 လမ်းညွှန်ချက်များနှင့်အညီ တပျော်တပါး စုပေါင်းစိုက်ထူ ခဲ့ကြသည်။ အဆိုပါ အောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်ဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းလွင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ညွန့် ဌေး၊တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်ပ (ခ) ဦးအောင်တိုး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသခံဝန်းရံ ပြည်သူများ တက်ရောက် ခဲ့ကြသည်။

မောင်မောင်မြင့်(ချောင်းဦး)