မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်းလှမြို့အတွင်း အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ

 

မကွေး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းလှမြို့ပေါ်ရှိ ရပ်ကွက်များသို့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များအား ယမန်နေ့ နံနက် ၈ နာရီ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ်အမှတ် (၁) ဦးမျိုး မြင့်နှင့်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) ဦးလှစိုးတို့ ပါဝင်သော အဖွဲ့ဝင်များသည် အမွှေးနံ့သာများ ပက်ဖျန်းကာ မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။

စိုးမိုး(အထက်မင်းလှ)