ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

မန္တလေး ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေး ခရိုင်နယ်မြေတာဝန်ခံ၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်က အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်း စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းအား စတင်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လူထုဟော ပြောမှု၊ နိုင်ငံတကာရေးရာ၊ နိုင်ငံတော်၏စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ မီဒီယာ၊ ပါတီအောင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်အစရှိ သောဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ကာ သင်တန်းကာလမှာ ယနေ့မှ ယခုလ ၂ ရက်အထိဖြစ်ပြီး သင်တန်းသို့ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ အပါအဝင် သင်တန်းသားစုစုပေါင်း ၁ဝဝ တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီ တိုင်း ဒေသကြီးအတွင်းရေးမှူးဦးအောင်ကျော်မိုးနှင့်အတူ ဦးမျိုးမြင့်၊ မန္တလေး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ်ကြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးဆွေသန်း၊ မြို့နယ်အတွင်းရေးမှူး ဦးကိုကိုလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား များအပါအဝင် စုစုပေါင်းအင်အား ၁၂ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။

သုတ