မာစတာချန်ပီယံဆုကို ဂျိုကိုဗစ် စံချိန်တင်ရရှိ

ကမ္ဘာ့အဆင့်(၁) ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ဟာ အီတလီအိုးပင်းပြိုင်ပွဲမှာ အနိုင်ရ ပြီးနောက် ကစားသမားဘဝ (၃၆)ခုမြောက် မာစတာချန်ပီယံဆုကို ရခဲ့ပါတယ်။ တနင်္လာညက ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်နဲ့ အာဂျင်တီးနားနိုင်ငံသား ရှဝက်မန်တို့ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ နာဒယ်ကို ကွာတားဖိုင်နယ်မှာ အနိုင်ယူ ကျော်ဖြတ် လာခဲ့တဲ့ ရှဝက်မန်ဟာ အခုပွဲမှာလည်း ဂျိုကိုဗစ်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဂျိုကိုဗစ်က (၇:၅၊၆း၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး အီတလီအိုးပင်းချန်ပီယံဆုကို ရရှိ ခဲ့တာ ဖြစ်ပါတယ်။

အခုချန်ပီယံဆုကြောင့် ဂျိုကိုဗစ်ဟာ မာစတာ (၁၀၀၀) ပြိုင်ပွဲတွေမှာ ချန်ပီယံဆု အများဆုံးရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂျိုကိုဗစ်အတွက်တော့ ကစားသမားဘဝ (၈၁)ခုမြောက် ချန်ပီယံဆုလည်း ဖြစ်ပါတယ်။  -Ref:BBC