ဒိုင်လူကြီးပါ လူစားလဲရတဲ့ ဖြစ်အင်

စနေနေ့က ကစားခဲ့တဲ့ စတုတ်နဲ့ လက်စတာအသင်းတို့ရဲ့ ပွဲစဉ်မှာ အနည်းငယ်ထူးခြားမှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဒိုင်ဖြစ်သူကို လက်ထောက်ဒိုင်နဲ့ လူစားလဲမှု ပြုလုပ်ခဲ့ ရခြင်းပါ။  ဘောလုံးပွဲတစ်ပွဲမှာ အစဉ်အလာ အားဖြင့် ဒိုင်ကို လူစားလဲတာမျိုး ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် ပထမပိုင်းပြီးခါနီး ဒိုင်ဖြစ်သူ ဘော်ဘီမက်ဒလေ ခြေသလုံးဒဏ်ရာရခဲ့တာကြောင့် အကူဒိုင်(စတုတ္ထဒိုင်)အဖြစ် ဆောင်ရွက်နေတဲ့ ဂျွန်မော့စ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

မက်ဒလေက ဂျွန်မော့စ်ကို အဝါကတ်၊ အနီကတ်တွေ အလဲအလှယ်ပြုနေချိန်မှာ ပရိသတ်တွေက ”ခင်ဗျား ဒိုင်လုပ်ဖို့ ကြံ့ခိုင်မှု မပြည့်ဝပါဘူးဗျို့”လို့ အော်ဟစ်တာတွေ ပြုခဲ့ပါတယ်။ အဲဒီပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေပွဲ ဖြစ်ခဲ့သလို မက်ဒလေနေရာ အစားထိုးတာဝန် ယူတဲ့ ဂျွန်မော့စ်ကလည်း ပွဲကိုအကောင်းဆုံး ထိန်းကျောင်း နိုင်ခဲ့တာကို တွေ့ရပါတယ်။

-Ref; Sky sports