ခြင်္သေ့၏ အားမာန်ဖြင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရန် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌတိုက်တွန်း

 

ကျောက်ပန်းတောင်း စက်တင်ဘာ ၈

ခြင်္သေ့၏အားမာန်ဖြင့် တိုင်းပြည်ကိုပြန်လည် တည်ဆောက်ပြီး “ပိုမိုတောက်ပသော အနာဂတ်ဆီသို့” ရောက်ရှိအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တိုက်တွန်းပြောကြား လိုက်သည်။

ယနေ့ ကျောက်ပန်းတောင်းမြို့နယ် ညောင်ချိုင်းတောင်ရွာတွင် ကျေးရွာပြည်သူလူထုနှင့်တွ့ဆုံရာ၌ ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကပြောကြား လိုက်ခြင်းဖြစ်သည်။

“ပြည်သူများ ရွေးချယ်တဲ့နေရာမှာ မမှားဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်တာဝန်ယူဆောင်ရွက်စဉ်မှာ တာဝန်ကြေပွန်စွာ ထမ်းဆောင်ခဲ့သူတွေဖြစ်တယ်။ ဒါကြောင့် ခြင်္သေ့ရဲ့အားမာန်နဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ကြပါစို့လို့ ပြောလိုပါတယ်” ဟု ဦးလှထွန်းက ပြောသည်။

စီးပွားရေးကျဆင်းတာလျှင် ပြန်လည်တိုးတက်အောင် လုပ်ဆောင်လျှင် အချိန်တစ်ခုနှင့် လုပ်ဆောင်နိုင် သော်လည်း အမျိုးဂုတ်၊ ဇာတိဂုတ် ပျက်ယွင်းခဲ့လျင် အချိန်များများယူ၍ ပြန်လည်ကုစား ရမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားခဲ့သည်။

ယနေ့ ကျောက်ပန်းတောင်းမြို့နယ် ညောင်ချိုင်းတောင်ရွာ၊ ကျောက်ပုံ မြောက်ရွာ၊ ကျောက်ပုံတောင်ရွာ၊ သပြေရိုးရွာရှိ ပြည်သူလူထုများနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးတင်ဦးလွင်တို့ သွားရောက် တွေ့ဆုံခဲ့သည်။