နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး အလံပေးအပ်

 

နတ်မောက် စက်တင်ဘာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၂ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ ယမန်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ၊ နတ်မောက် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်လတ်မိုးအား ပါတီအောင်နိုင်ရေးအလံ ပေးအပ်ခဲ့ပြီး ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ကိုအောင်သပြေပန်းများ အမွှေးနံ့သာပက်ဖျန်း၍ အောင်ရမည်ကြွေးကြော်ကာ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်)