ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး အောင်လံတင်ပွဲ အခမ်းအနား ကျင်းပ

 

စက်တင်ဘာ ၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံ တင်ပွဲ အခမ်းအနားကို ၉-၉-၂၀၂၀ ရက်နေ့ နံနက် (၈)နာရီတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အောင်လံကိုလည်းကောင်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟို အလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်တို့မှ ပါတီအောင်လံတော်များကို လည်းကောင်း အမွှေးနံ့သာရည်များဖျန်းပက်လွှင့်တင်ကာ အလေးပြုပြီး အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။