ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ

 

ဗန်းမော် စက်တင်ဘာ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူ ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီတွင် သာစည် ရပ်ကွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့ရာ မင်္ဂလာအခါပေးသူ ဦးလေးမောင်က နံနက် ၈ နာရီ ၁ဝ မိနစ်တွင် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။

ထို့နောက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ညောင်ပင်ရပ်ကွက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ် စားလှယ်လောင်းများ အောင်နိုင်ရေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြ သည်။

အဆိုပါဆိုင်းဘုတ် စိုက်ထူပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသိန်းနိုင်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသက်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်လင်းလင်း နှင့် ဦးဇော်နောင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း နှင့် ပါတီကော်မတီဝင် များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ ကြသည်။

ဆီးမီးခုံ-နန်းရီ