အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဈေးနှင့်ရပ်ကွက်အတွင်း Mask များအခမဲ့ဖြန့်ဝေ

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အမရဌာနီ အနောက်ရပ်ကွက် သူရဲဈေးနှင့် ရပ်ကွက်အတွင်း သွားလာနေထိုင် လျက်ရှိသော ဈေးသည်များ၊ ဈေး ဝယ်များနှင့် ရပ်ကွက်နေပြည်သူ များအား ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ Mask များအခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့သည်။

‘COVID-19 ရောဂါစဖြစ် ပြီဆိုကတည်းက ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရောဂါ ကာကွယ်ရေးအတွက် အခုလို Mask လှူဒါန်းတာတွေအပြင် ရေမလိုလက်သန့်ဆေးလှူတာတို့၊ PPE ဝတ်စုံတွေ လှူတာတို့ ရောဂါ ကာကွယ်ရေးအတွက် လိုအပ်မယ့် အခြားသောပစ္စည်းတွေ လှူတာတို့ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက် ကုန်တွေ လှူတာတို့ကို တတ်စွမ်းသမျှ အင် တိုက်အားတိုက် ဆောင်ရွက်ပေးနေ ပါတယ်”ဟု တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးကျော်စန်းက ပြော ခဲ့သည်။

အောင်မြေသာစံမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ အမရဌာနီအနောက်ရပ်ကွက် သူရဲ ဈေးနှင့် ရပ်ကွက်အတွင်း Mask အရေအတွက်အခု ၂ဝဝဝအား အခမဲ့ဖြန့်ဝေရာသို့ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမှပါတီ ဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဘိုသင်း၊ ခရိုင်ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးသောင်းညွန့်၊ ဦးညီညီမင်း၊ အောင်မြေသာစံ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ လူငယ်နှင့် အမျိုးသမီးပါတီဝင်များ ပါဝင်၍ လုပ်အားဒါနပြု ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)