ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်

 

ပဲခူး ဖေဖော်ဝါရီ ၁၂

ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နား ကွင်းတွင် ယမန်နေ့ နံနက် ၇နာရီခွဲက ကျင်းပသည့်(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

ပဲခူးမြို့တွင် ကျင်းပသည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စု နေ့အထိမ်းအမှတ်ပြခန်း၊ အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်ရာများ၏ဌာနအလိုက် ကျန်းမာရေးပြခန်း၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေး ပြခန်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချခြင်းများ ပါဝင်ပြသထား ပြီး ပဲခူးတိုင်းဒေသကြီး အား ကစားနှင့် ကာယပညာဦးစီးဌာနမှ လည်း ငါးကီလိုမီတာ ကျား/မ အပြေးပြိုင်ပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)