မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုထောက်ပံ့

 

ရန်ကုန် သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြို့နယ်အတွင်းရှိ စာအောင်သံဃာများ ပူဇော်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် လုပ်အားဒါန ပါဝင်လှူဒါန်းခဲ့သော အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုထောက်ပံ့ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ဗိုလ်မင်း ရောင်လမ်းရှိ တောင်ညွန့်ကြီးရပ်ကွက် ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါလှူဒါန်းမှုကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ ဒေါက်တာမောင်မောင်မြင့်၊ အတွင်းရေးမှူး ဦးတင်ရှိန်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ တောင်ညွန့်ကြီးရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် လူငယ်ပါတီဝင်များက အနှေးယာဉ်အဖွဲ့ ခေါင်း ဆောင်ဦးအောင်မိုးနှင့် အနှေးယာဉ်လုပ်သားကြီးများအား ဂုဏ်ပြုထောက်ပံ့ခဲ့သည်။

အနှေးယာဉ်လုပ်သား ကြီးများကို တစ်ဦးလျှင် ဆန်ငါးပြည်၊ ဆီတစ်ဘူး၊ ကြက်သွန်နီ ၅ဝကျပ်သားစီ စုစုပေါင်း အနှေးယာဉ် လုပ်သား ၈၄ ဦးတို့ကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။