ထန်းတပင် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက် နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

 

ရန်ကုန် သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တံတားဦးကျေးရွာအုပ်စု စာဖြူစုကျေးရွာ၊ ငှက်သိုက်ကျေးရွာအုပ်စုအပြင် သဲဖြူကျေးရွာ၊ သံပုရာကုန်ကျေးရွာအုပ်စု ကျေးရွာပြည်သူများ နေအိမ်တွင် ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးသန်းမြင်၊့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ မြို့နယ်ပါတီကော်မတီဝင်များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုအတွက် နှာခေါင်းစည်းများ ပေးအပ်ခြင်း၊ ကိုဗစ်ရောဂါ ဆောင်ရန်ရှောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ ကျန်းမာရေးအသိပညာပေး စကားဆွေးနွေးပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စများ အပြန်အလှန် ပေါင်းစပ် ညှိနှိုင်းမှုများပြုလုပ်ကြောင်း သိရှိရသည်။

ဇော်သိန်း(ထန်းတပင်)