ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံဆွေးနွေး

 

မတ်လ ၁၃

ယမန်နေ့ညနေ (၅း၁၅)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့သည် နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက် ကယောခန်းမ ဆောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံပြီး စုစုပေါင်း အင်အား (၅၀) တက်ရောက်ကြောင်း သိရှိရသည်။

၎င်းတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီနာယက ဦးတောရယ် ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ် ဦးတင်ဦး ဦးရဲဝင်း ဒေါ်ဒေါရစ်လေး ဒေါ်ဗျားမြာမောင် လွိုင်ကော်ခရိုင် ကော်မတီဝင် ဦးတူးရယ် ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်မေရီယန်နှင့် မြို့နယ် ကော်မတီဝင်များ နန်းမယ်ခုံမြို့ ပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်မိရပ်ဖ များ တက်ရောက်ကြောင်း သတင်းရှိသည်။

ထာဝရ မြေချစ်သူ