အက်သလက်တီကို ကစားသမားနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေ ကစားဖို့ ရက်ပိုင်းအလိုမှာတင် အက်သလက်တီကို အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ (၂)ဦးရှိတယ်လို့သတင်းထွက်လာပါတယ်။ အက်သလက်တီကိုဟာ ကြာသပတေး နေ့မှာ လစ်ပ်ဇစ်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကစားရမှာဖြစ်ပြီး အခု ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူ (၂)ဦးကို သီးခြားခွဲနေခိုင်းထားတယ်လို့ သိရပါတယ်။ အက်သလက်တီကိုဟာ စနေနေ့က မက်ဒရစ်မြို့မှာ ဆေးစစ်မှု ခံယူခဲ့ရပြီး အခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၂)ဦးနဲ့အတူ သူတို့နဲ့အနေနီးခဲ့သူတွေလည်း သီးခြားခွဲနေရတယ်လို့ သိရပါတယ်။ ယူအီးအက်ဖ်အေကတော့ အက်သလက်တီကိုအသင်းနဲ့ ဆက်သွယ်ထားပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။ -Ref:Skysports