အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်

ဘီဘီစီမှ နှစ်စဉ်ချီးမြှင့်သော အာဖရိက အကောင်းဆုံးကစားသမားသမားဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

ဂျူဗင်တပ်နှင့် မော်ရိုကို နောက်ခံလူ ဘီနာတီယာ၊ နာပိုလီနှင့် ဆီနီဂေါ နောက်ခံလူ ကူလီဘာလီ၊ လီဗာပူးနှင့် ဆီနီဂေါ တိုက်စစ်မှူး မာနေး၊ အက်သလက်တီကိုနှင့် ဂါနာကွင်းလယ်လူ ပါတေး၊ လီဗာပူးနှင့် အီဂျစ်တိုက်စစ်မှူး ဆာလက်တို့သည် ဆန်ခါတင်စာရင်း၌ ပါဝင်လာခဲ့ကြသည်။

ဘီနာတီယာသည် ဂျူဗင်တပ်နှင့် လေးကြိမ်မြောက်လိဂ်ဖလား ရရှိထားသူဖြစ်သည်။ နာပိုလီ နောက်ခံလူ ကူလီဘာလီ သည်လည်း ဥရောပထိပ်တန်းအသင်းများကို ဆွဲဆောင်နိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး အက်သလက်တီကို ကွင်းလယ်လူ ပါတေးမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိလာသည်အထိ ခြေစွမ်းမြင့်တက်နေသူဖြစ်သည်။

လီဗာပူးတိုက်စစ်မှူး ဆာက်သည် ပြီးခဲ့သောနှစ်က အကောင်းဆုံးရရှိခဲ့သူဖြစ်သည်။ အကောင်းဆုံးဆုအတွက် မဲပေးမှုကို ဒီဇင်ဘာ ၂ ရက်အထိ ပြုလုပ်နိုင်ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာမည်ဖြစ်သည်။

-Ref: BBC