ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထန်းတပင်မြို့နယ်ရှိ လမုကျေးရွာ ဘုန်းတော် ကြီးအား စားသောက်ဖွယ်ရာများ လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးထန်းတပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပရွတ်ကျေးရွာအုပ်စု လမုကျေးရွာ ဘုန်းတော်ကြီးအား ရန်ကုန်တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းမြင့်နှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ စားသောက်ဖွယ်ရာများအား ယမန်နေ့ နံနက် ၁ဝ နာရီတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အစုကြီးကျေးရွာအုပ်စု ကျိုက္ခနာကျေးရွာ၊ ရှမ်းစုကျေးရွာ ပါတီဥက္ကဋ္ဌ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် COVID-19 ရောဂါ အကြောင်းဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်း စည်းများ ပေးအပ်တပ်ဆင်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဇော်သိန်း