ဒုတိယအကြိမ် ပါတီဗဟိုညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် လပတ်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ပါတီညီလာခံ မျက်နှာစုံညီ အစည်းအဝေး အတွေ့အကြုံနှင့် လပတ်အစည်းအဝေးကို သြဂုတ် (၃၁) ရက် ညနေ ၄နာရီက ကျင်းပခဲ့ရာ အစည်းအဝေးသို့ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်/ကျေးနှစ်မြို့နယ် မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် အင်အား (၅ဝ) တက်ရောက်ကြသည်။

အစည်းအဝေးတွင် အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင့်လွင်က နေပြည်တော် ပါတီဗဟိုဌာနချုပ် တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ပါတီမျက်နှာစုံညီ အစည်းအဝေး အတွေ့အကြုံနှင့် မိမိတို့ပါတီ လုပ်ဆောင်ရမည့် တာဝန်များကို ရှင်းလင်းပြောကြားသည်။

ပြောကြားရာတွင် စည်းရုံးရေးရာ အမှုဆောင်များပြန်ဖွဲ့ပြီး စည်းရုံးကြရန်၊ ပါတီဝင်များ ယုံကြည်ရန်၊ ပြည်သူများယုံကြည်ရန်၊ ပါတီကို မိမိတစ်ယောက်တည်းမချစ်ဘဲ ပြည်သူ အားလုံးချစ်ခင်ပြီး လူငယ်များလည်း မွေးထုတ်ရန်၊ ပြည်သူများ၏ဒုက္ခကို သိအောင်လုပ်ပြီး ကူညီကြရန်၊လိုအပ်သမျှကို အထက်အဆင့်ဆင့်နှင့် ညှိနှိုင်းပံ့ပိုးမည် ဖြစ်ကြောင်းပြောကြားပြီး တက်ရောက်သူများက လုပ်ငန်းအခက်အခဲများကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply