ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုး COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးရည်လှူဒါန်း

 

ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများ COVID-19 ကာကွယ် နိုင်ရန်အတွက် အခြေခံပညာကျောင်းများတွင် နှာခေါင်းစည်းများ လှူဒါန်းပေးခြင်း၊ ပိုးသတ်ဆေးပက်ဖျန်း ပေးခြင်းများ လုပ်ဆောင်ပေး လျက်ရှိသည်။ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် အောင်၊ ဒေါက်တာထူးခြားအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် အင်းတကော်မြို့ အခြေခံပညာ အထက်တန်း ကျောင်းသို့သွားရောက်ပြီး ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ COVID-19 ကာကွယ် နိုင်ရန်အတွက် နှာခေါင်းစည်း Mask ၁ဝဝဝ နှင့် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ပိုးသတ် ဆေး ငါးဂါလန်ပါတစ်ပုံးတို့အား ကျောင်းအုပ်ဆရာကြီး ဦးအောင်ချိုထံသို့ လှူဒါန်းပေးခဲ့ကြသည်။ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အဆိုပါ ကျောင်း၌ကျောင်း မဖွင့်မီ ယခုလ ၁၈ ရက်ကလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်မှု ကာကွယ်နိုင်ရန်အတွက် ကျောင်း ဝင်းအတွင်းနှင့် စာသင်ခန်းများ အတွင်းတို့၌ ခြင်ဆေးများလိုက်လံ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။ တင်စိုး(ပဲခူး)

အမရပူရမြို့နယ်​အတွင်