ကျွန်းစုမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးငွေထွန်း၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များလိုက်ပါ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျွန်းစုမြို့ အမှတ် (၃) ရပ်ကွက် သီရိမင်္ဂလာဘုန်းတော်ကြီး ကျောင်းအဝင်လမ်း လမ်းဘေးဝဲယာရှိ မြက်ပင်များ၊ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံဝန်းကျင်နှင့် အပြင်ဘက်ဝန်းကျင်ရှိ မြက်ပင်များအား ပေါက်ပြားဖြင့် ပေါက်ပစ်ခြင်း၊ လက်ဖြင့်နုတ်ပစ်ခြင်း၊ အမှိုက်များ ရှင်းလင်းဖယ်ရှားပေးခြင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပြီး စုပေါင်းလုပ်အားဖြင့် ကုသိုလ် ဒါနပြုခဲ့ကြကြောင်း သိရသည်။

ဖြူမျိုး(တနင်္သာရီ)