ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ်(၇)ရပ်ကွက်တွင် ဆန်နှင့်ဆီများ သွားရောက် ထောက်ပံ့

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအမှတ်(၇)ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ အား တစ်အိမ်တက်ဆင်းသွားရောက်တွေ့ဆုံကာ ဆန်တစ်ပြည်၊ ဆီ ၅ဝ သား ဘူး တစ်ဘူးစီအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးအောင်၊ ပါတီအတွင်းရေးမှူးဒေါ်သီသီမွန်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးဗိုလ်စော၊ ရုံးအဖွဲ့မှ ဦးမျိုးသွင်တို့ လိုက်ပါ၍ အမှတ်(၇)ရပ်ကွက်  ပါတီဥက္ကဋ္ဌ နှင့် ပါတီကော်မတီဝင် များ၏ နေအိမ်များ သို့ တစ်အိမ်တက်ဆင်းသွားရောက်ကာ တွေ့ဆုံဆွေးနွေးပြီး လက်ဆောင် အဖြစ် ဆန်တစ်ပြည်၊ ဆီ ၅ဝ သားတစ်ဘူး ပေးအပ်ခဲ့ကြကြောင်း သိရသည်။