မော်လမြိုင်ကျွန်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် အလှူရှင်များ က ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော် များအား နေ့ဆွမ်းနှင့် အချိုပွဲများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အလှူရှင်များမှ မြို့နယ်သံဃာ့မဟာနာယက ရုံးတွင်ကျင်းပသော ဓမ္မာစရိယနှင့်ပါဠိ ပထမပြန်စာဖြေသံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ကျော်ဦး၊ ဦးလှဝင်းမော်တို့နှင့်အတူ အလှူရှင်များက စာဖြေသံဃာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ် လှူဒါန်းကြပြီး မွန်းတည့် ၁၂နာရီတွင် လှူဒါန်းမှုအစုစုအား ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။  ထွန်းထွန်းနိုင်(မော်ကျွန်း)