ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့်ပါတီဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

ပျဉ်းမနားမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် ပါတီဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ယနေ့ (၂၁-၁၁-၂၀၂၂)ရက်နေ့ နံနက် ၈း၃၀ နာရီ၌ ဉယျာဉ်စုအုပ်စုတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ပြည်ထောင်စုနယ်မြေပါတီ​ခေတ္တ ဥက္ကဌ ဦးလှဆွေ၊ အတွင်းရေးမှူး ဦးဝင်းဌေး၊ ကော်မတီဝင် ဦးအောင်မြင့်ကြိုင်၊ ခရိုင်ပါတီအတွင်း‌ေရးမှူး ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဌ ဦးဇော်တူးအောင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက် ကြပြီး ပါတီကို အားပေးဝန်းရံသူ (၅၀)ဦး၏ ပါတီဝင်အဆိုပြုလွှာများကုိ ရပ်ကျေးပါတီဥက္ကဌမှ ပေးအပ်ခဲ့ပါသည်။