ပါတီတာဝန်ပေးအပ်ခြင်းနှင့်ကတိသစ္စာပြုခြင်းမိုးညှင်း၌ကျင်းပ

ပါတီကျစ်လျစ်ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်သူ့ပါတီအဖြစ် ရပ်တည်နိုင်ရန်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီဝင်ထု၏ ဆန္ဒနှင့်အညီအခြေခံ ကျသည့် ပါတီခေါင်းဆောင်များ ကိုရွေးချယ် တာဝန်ပေးအပ်ခြင်း ဖြစ်၍ စိတ်သစ်၊ လူသစ်၊ အင်အားအသစ်များနှင့်အတူ လက်ဆင့်ကမ်းအမွေကို ထိုက်ထိုက် တန်တန်ရယူပြီး စည်းရုံးတည်ဆောက်ကြရန် လိုအပ်ကြောင်း ဇွန်လ (၁၈) ရက်က မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပသည့် ရပ်ကွက် ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေး တာဝန်ပေးအပ် ခန့်အပ်လွှာပေးအပ်ပွဲနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုး လေးက ပြောကြားခဲ့သည်။

32036475-16062016

အခမ်းအနားတွင် သဘာပတိ မိုးညှင်းခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီအတွင်း ရေးမှူးဦးစိန်ဝင်းထွန်းက ရပ်ကွက် ကျေးရွာအုပ်စု ပါတီကော်မတီဝင် များအားလည်းကောင်း၊ မြို့နယ် ပါတီ လူငယ်ရေးရာ တာဝန်ခံ ဦးဌေးဝင်းက လူငယ်ကေဒါခေါင်း ဆောင်များအား လည်းကောင်း တာဝန်ပေးအပ် ခန့်အပ်လွှာများ အပ်နှင်းလိုက်သည်။

ဆက်လက်၍မြို့နယ်ပါတီကော် မတီဝင်ဦးအောင်မိုးက သတင်းနှင့် မီဒီယာ ထူးချွန်ဆုများ ဂုဏ်ပြုချီး မြှင့်ပြီး ကတိသစ္စာပြုခြင်းပြုလုပ် ကာ အခမ်းအနားကို ကြွေးကြော် သံများဖြင့် အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ကေဆိုင်းနော်(ဖားကန့်)


Leave a Reply