ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

အောက်တိုဘာ၊ရန်ကုန်
ဒဂုံဆိပ်ကမ်းပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၆၀) ရပ်ကွက်အတွင်းရှိ လမ်းများအားလုံးကို နံနက် ၈ နာရီမှ စတင်၍ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ရွေးချယ်ခံမည့် ကိုယ်စားလှယ် ၄ ဦး စီစဉ်ပေးမှု့ဖြင့် ပိုးသတ်ဆေးဖြန်းခြင်းအား ဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။
အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းအား ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌ တောင်းဆိုမှု့ဖြင့် ရပ်ကွက် ပါတီကော်မတီဝင်များနှင့်အတူ ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မူ့ လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြပြီး ကျန်ရှိနေသော ရပ်ကွင်များသို့ အလှည့်ကျ ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုယ်စားလှယ် လောင်း ၄ ဦးမှ ပြောကြားခဲ့ပါသည်။
Union Solidarity and Development Party – Yangon Region