ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မိသားစု ပျဉ်းမနားမြို့ လှေခွင်းတောင် တန်ခိုးကြီးကျောင်းတိုက်သို့ ဝါဆိုသင်္ကန်းကပ်လှူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ဦးစီးရုံးအဖွဲ့များသည် ယနေ့ မွန်းလွဲ ၁နာရီက ပျဉ်းမနားမြို့ လှေခွင်းတောင် တန်ခိုးကြီး ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဂမန္ဓသီရိ နှင့် တိုက်နယ်ဆရာတော်တို့အား ဖူးမြော်၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ရာ တန်ခိုးကြီးကျောင်း ဆရာတော်က ပရိတ်တရားများရွတ်ဖတ်၍ ရေစက်ချတရား ဟောကြားခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ ရုံးချုပ်မှ ဒုတိယဌာနမှူး ဦးသန်းထွန်းနှင့် ဦးစီးရုံးအဖွဲ့ဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။