ကွမ်းလုံခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ Mask နှင့် သောက်ရေသန့် လှူဒါန်း

 

ကွမ်းလုံ ဇွန် ၂၃

ကွမ်းလုံခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကွမ်းလုံမြို့အထကကျောင်းတွင် ကျောင်းဖွင့်နိုင်ရေး သင်တန်းတက် ဆရာ ဆရာမ ၇ဝ အတွက် Mask-၁၅ဝဝ၊ သောက်ရေသန့်ကတ် ၁ဝဝ လှူဒါန်း ခဲ့သည်။

သင်တန်းကာလ ယမန်နေ့မှ ဇူလိုင် ၅ရက်ထိ သင်တန်းကာလ တစ်လျှောက် ဆရာဆရာမများ လိုအပ်သော သောက်ရေသန့်များ ကို ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသွားမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီနာယက ဦးဖူကြာမုန်း၊ ဦးစိုင်းထွန်းအေးတို့ သည်လည်း ခရိုင်မြို့နယ်ပါတီကော်မတီဝင်များနှင့် အတူ တက် ရောက်လှူဒါန်းခဲ့ကြသည်။