ကစားသမားဘ၀မှ အနားယူပြီဟူ မက်ဂရီဂေါ ကြေညာ

ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဖြစ်သော UFC ပြိုင်ပွဲ၏ ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည့် မက်ဂရီဂေါ်သည် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း တွစ်တာတွင် ရေးသားကာ ကြေညာခဲ့သည်။ မက်ဂရီဂေါ်သည် UFC ပြိုင်ပွဲ၏ ဖယ်သာ ဝိတ်၊ လိုက်ဝိတ်တို့တွင် ချန်ပီယံဘွဲ့များ ရရှိခဲ့ပြီး ဝယ်သာဝိတ်ပြိုင်ပွဲတွင် ၂ဝ၁၆ ခုနှစ်မှစတင်၍ ချန်ပီယံဘွဲ့ခံနိုင်ခဲ့သူဖြစ်သည်။ ၂ဝဝ၈ ခုနှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့သော မက်ဂရီဂေါ်သည် ၄င်း၏ ကစားသမားဘဝတစ်လျှောက် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ကျော် ဝင်ငွေရရှိခဲ့သူဖြစ်သည်။ ၄င်းက တိုက်ခိုက်ရေး ပြိုင်ပွဲများမှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ အမှတ်တရများစွာအတွက် ကျေးဇူးတင်ကြောင်း တွစ်တာတွင် ရေးသားကာ ကြေညာခဲ့ခြင်းလည်းဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း မက်ဂရီဂေါ် နောက်ဆုံး ယှဉ်ပြိုင်ခဲ့ရသည့်ပွဲစဉ်မှာ ဇန်နဝါရီလက ဒေါ်နယ်ကာရိုနီနှင့် ပွဲစဉ်ဖြစ်သည်။ ၄င်းသည် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲအပြင် လက်ဝှေ့ပွဲအဖြစ် မေဝယ်သာနှင့်လည်း ထိုးသတ်ခဲ့ဖူးသေးသည်။  Ref; Sky Sports