ဖေဖော်ဝါရီလတစ်လတာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ

ဖေဖော်ဝါရီလအတွက် တစ်လတာပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရရှိသွားပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ကိ ဇန်နဝါရီလကမှ ရောက်လာခဲ့ပေမယ့်ကာလတိုအတွင်း အမြန်အထိုင်ကျလာပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲ ပရီးမီးယားလိဂ်(၃)ပွဲကစားခဲ့ရာမှာ (၁)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားဆုအတွက် ပဏာမစာရင်းမှာ မားကို့စ်အလွန်ဆို၊ အူဘာမီယန်၊ ကဲလ်ဗာ့ဒ်လီဝင်နဲ့မက်ဒိုဟာသီတို့ပါဝင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ သူတို့ကိုကျော်ဖြတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ဒါကဘရူနိုအကြောင်းပဲ ပြောစရာမဟုတ်ပါဘူး။ တစ်သင်းလုံးအကြောင်းကိုပြောရမှာပါ။ ကစားသမားတစ်ယောက်တည်းကတစ်သင်းလုံးကို မပြောင်းလဲနိုင်ပါဘူး။ အသင်းသားအားလုံးအတူတကွ တွန်းမှ အပြောင်းအလဲ ဖြစ်နိုင်တာပါလို့ ပြောပါတယ်။