ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့နယ် ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် စံကင်းကြီးကျေးရွာအုပ်စု ဘေးမခကျေးရွာ ဇီးချောင်းကဇန်း ကျေးရွာပါတီဝင် ဦးညွန့်ဝင်းနေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ ယင်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံမိတ်ဆက်ကြပြီး ဆွေးနွေးပွဲ ပြုလုပ်သည်။ အဆိုပါဆွေးနွေးပွဲတွင် ဗဟိုအတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌတို့က ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးကိစ္စများ ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်လတ်၊ မြို့နယ်ပါတီဝန်းရံအဖွဲ့များ လိုက်ပါခဲ့ကြသည်။ ဆက်လက်၍ နဲဗျောကျေးရွာအုပ်စုနေ ကမ်းနားတပွန်ကျေးရွာများနှင့် ပါတီဝင် ဦးအေးကျော် နေအိမ်တွင် မွန်းလွဲ ၁၂ နာရီခွဲက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။ ဇော်သိန်း(ထန်းတပင်)