ငွေအများဆုံး သုံးစွဲသော နည်းပြစာရင်းကို ဂွာဒီယိုလာနှင့် မော်ရင်ဟို ဦးဆောင်

လန်ဒန်- ကစားသမားသစ်ခေါ်ယူ အားဖြည့်မှုအတွက် ငွေသုံးစွဲမှု အများဆုံးနည်းပြများစာရင်းတွင် လက်ရှိ မန်စီးတီးနည်းပြ ပက်ဂွာ ဒီယိုလာက ပေါင် ၈၉၈ ဒသမ ၅၇ သန်းဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြ မော်ရင်ဟိုက ပေါင် ၈၇၀ ဒသမ ၈၉ သန်းဖြင့် ရပ်တည်နေသည်။

၎င်းတို့၏နောက်တွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၊ ချယ်လ်ဆီးနည်းပြ ကွန်တီ၊ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်နှင့် စပါးနည်းပြ ပိုချက်တီနိုတို့ကအ သီးသီးရပ်တည်နေသည်။

ဂွာဒီယိုလာသည် ပထမ အသင်းနည်းပြဘဝစကတည်းက ယခုထိ ပေါင်သန်း ၉၀၀ သုံးစွဲထားပြီး ၂၀၁၇-၁၈ ရာသီအတွက်ပေါင် ၂၁၄ ဒသမ ၇ သန်းသုံးစွဲ ကာ ငွေသုံးစွဲမှုအများဆုံးနည်းပြ ဖြစ်နေသည်။

၂၀၁၆-၁၇ ရာသီက ပေါင် ၁၅၇ ဒသမ ၃ သန်း သုံးစွဲခဲ့သည့် မော်ရင်ဟိုသည် ၂၀၁၇-၁၈ ရာ သီတွင် ပေါင် ၁၆၄ သန်းသုံးစွဲထားသည်။သို့သော် ပြိုင်ဘက်နည်းပြ များဖြစ်သည့် ကွန်တီနှင့် မော်ရင်ဟိုတို့သည် ၎င်းတို့ကိုင်တွယ်နေသော ချယ်လ်ဆီးနှင့် မန်ယူတို့အတွက် အောင်မြင်မှုများ အသီးသီး ရယူပေးထားသော်လည်း ဂွာဒီယိုလာက မန်စီးတီးအတွက် ဖလား ရယူပေးနိုင်ခြင်း မရှိသေးပေ။

ဘာစီလိုနာ၊ ဘိုင်ယန်တို့နှင့် အတူ အောင်မြင်မှုများစွာ ရရှိခဲ့သည့် ဂွာဒီယိုလာသည် ၂၀၁၆- ၁၇ ရာသီက ပေါင် ၁၆၈ ဒသမ ၈၅ သန်း သုံးစွဲခဲ့ပြီး ပရီးမီးယား လိဂ်အမှတ်ပေးဇယား တတိယနေရာရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့သည်။ ယမန်နှစ်က ချန်ပီယံလိဂ်တွင်လည်း ထွက်ခဲ့ရသည်။

ယခုရာသီအတွက် ပေါင် ၅၂ သန်းသာ သုံးစွဲထားသည့် အာစင်ဝင်းဂါးသည် ယင်းအပြောင်းအရွှေ့ကာလ၌ ငွေသုံးစွဲမှုအနည်းဆုံးဖြစ်သည်။

အာဆင်နယ်သည် ယခုဈေး ကွက်အတွင်း ကစားသမားသစ် နှစ်ဦးသာ ခေါ်ယူအားဖြည့်ထားပြီး ပြင်ဆင်မှု အနည်းဆုံးအသင်းဖြစ်သည်။

—Ref:ESPN