ဘာသာရေး ပဋိပက္ခဖြစ်ပွားမှုကြောင့် ၂၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဘာသာ ရေးပဋိပက္ခဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံသားဥပဒေသစ်နှင့်ပတ်သက်သည့် ဆန္ဒပြမှုများကြောင့် ဘာသာရေး ပဋိပက္ခအသွင်ဆောင်သော ဖြစ်စဉ်များ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ဒေလီမြို့တွင် ည အချိန်များ၌ ဟိန္ဒူနှင့် မွတ်စလင်များကြား တွင် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်လိုသူများက မတူညီသည့် ကိုးကွယ်ယုံကြည်မှုရှိသူများ၏ အိမ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ဒေလီမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ ထဲ၌ သွေးစွန်းမှုနှုန်းအမြင့်ဆုံးဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Ref; BBC