ဘရာဇီးနိုင်ငံတွင် အကျဉ်းသား ၉၂ ဦး ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပွား

ရီယိုဒီဂျနေးရိုး စက်တင်ဘာ ၁၂

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ပါရိုင်ဘာ ပြည်နယ် ဂျိုဟာပက်ဆိုအာမြို့ရှိ အကျဉ်း ထောင်တစ်ခုတွင် မကြာသေးမီက အကျဉ်းသားအနည်းဆုံး ၉၂ ဦး ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် ရဲတပ်ဖွဲ့က အကျဉ်းသား ၅ဝ ကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါပြည်နယ်ရှိ အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်။

လက်နက်ကိုင် ၂ဝ ခန့်သည် အဆိုပါ အကျဉ်းထောင်သို့ ကားဖြင့်ရောက်ရှိ လာပြီး ကင်းစခန်းများ၊ ရဲဝန်ထမ်း အဆောင်များနှင့် အကျဉ်းထောင်တံခါး မကြီးကို ပစ်ခတ်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင် များက တိမ်းရှောင်ခဲ့ရကြောင်း၊ ထို့နောက် လက်နက်ကိုင်များက တံခါးမကြီးကို ဗုံးခွဲဝင်ရောက်ခဲ့ပြီး အကျဉ်းစခန်း သံပေါင်ကိုဖျက်ကာ ထောင်အတွင်းရှိ ဘဏ်နှင့်ဘဏ်ငွေ သယ်ပို့ယာဉ်ကို ဓားပြတိုက်ခဲ့သူ မာရီယို ဂိုမက်ဇဟေးလ် ဗီလာအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ အခြားအကျဉ်းသားများလည်း အကျဉ်းထောင်ခန်း သံပေါင်ကို ဖျက်ကာ ထွက်ပြေးကြကြောင်း ရဲတပ်ဖွဲ့ က ဆိုသည်။ ယခုဖြစ်ပွားသည့် အကျဉ်းထောင် စီးနင်းမှုသည် လွန်ခဲ့သည့် သြဂုတ်လက ဘဏ်ငွေ သယ်ယူ ပို့ဆောင်သည့် မော်တော်ယာဉ်စီးနင်းမှုဖြင့် ဖမ်းဆီးခံ ရသူလေးဦးကို ကယ်ထုတ်ရန် ဖြစ်နိုင်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

ယခု တိုက်ခိုက်စီးနင်းမှုအတွင်း အကျဉ်းသား ဘဏ်ငွေသယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်စီးနင်းမှုတွင် ပါဝင်သူ တစ်ဦးကိုမူ ကယ်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်းနှင့် လွတ်မြောက်သွားသော ဟေးလ်ဗီလာအပါအဝင် အကျဉ်းသား သုံးဦးကို ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးရန် အင်အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ ကြောင်း သိရသည်။

ဆင်ဟွာ