တိုကျိုအိုလံပစ်ပြိုင်ပွဲကြားကာလအတွင်း ကျင်းပမယ့်ဆူမိုနပန်းပြိုင်ပွဲ

(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲကို အားပေးထောက်ခံကြောင်း ကမ္ဘာ့ထိပ်တန်းဆူမိုနပန်းသမားတွေနဲ့ ဂျပန် ဆူမို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ပြီးသူတို့အနေနဲ့လည်း အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ နှစ်ခုကြား ကာလမှာ ဆူမိုပြိုင်ပွဲတစ်ခုကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွင်းကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲအပေါ်ကမ္ဘာတဝန်းက အာရုံစိုက်လာမှာဖြစ်လို့ ဆူမိုနပန်းအားကစားနည်းကို ပိုပြီးလူသိများစေဖို့ ဂျပန်ဆူမိုအဖွဲ့ချုပ်ကရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်အိုလံပစ်ပြိုင်ပွဲအပြီး မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမစခင် ဩဂုတ်လ(၁၂)ရက်နဲ့(၁၃)ရက်တွေမှာ ဆူမိုပြိုင်ပွဲတစ်ခုကိုကျင်းပကြမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို လက်ရှိဂရင်းဆူမိုချန်ပီယံတွေဖြစ်ကြတဲ့ ကာကာယူနဲ့ဟာကူဟိုတို့တက်ရောက်ခဲ့ကြပြီး မွန်ဂိုလီယားဆူမိုနပန်းသမားကာကာယူက ”ကမ္ဘာ့ပရိသတ်ကို ဆူမိုအားကစားနည်းနဲ့ရင်းနှီးသွားအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။ ထို့အတူ(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုဥက္ကဌ တိုရှီယာကီအန်ဒိုကလည်း “ဂျပန်ရိုးရာနပန်းအားကစား နည်းဖြစ်တဲ့ဆူမိုပြိုင်ပွဲကို ဂျပန်နိုင်ငံတွင်းက ပရိသတ်တွေရော ကမ္ဘာတဝန်းက ရောက်လာကြတဲ့ပရိသတ် တွေပါကြိုက်နှစ်သက်လိမ့်မယ်ဆိုတာ ယုံကြည်ပြီးသားပါ”လို့ ပြောသွားခဲ့ပါတယ်။ one news