မန္စီးတီးဂိုးသမား အီဒါဆင္ တစ္လ၀န္းက်င္အနားယူရဖြယ္ရွိ

မတ္ ၁၃

ေပါင္ဒဏ္ရာေၾကာင့္ တစ္လ၀န္းက်င္အနားယူရဖို႔ ရွိတဲ့ မန္စီးတီးဂိုးသမား အီဒါဆင္ က ပရီးမီးယားလိဂ္ဖလားအတြက္ အေရးပါတဲ့ အာဆင္နယ္နဲ႔ ပြဲကို လြဲေခ်ာ္မယ္လို႔ သိရပါတယ္။

တနဂၤေႏြေန႔က လီဗာပူး နဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ဘရာဇီးဂိုးသမား အီဒါဆင္ က ပင္နယ္တီေပးခဲ့ရတဲ့ အမွားက်ဴးလြန္ရင္း သူ႔ကိုယ္သူ ထိခိုက္ေစခဲ့တာျဖစ္ပါတယ္။

အီဒါဆင္ က မက္အယ္လစၥတာ က ဂိုးအျဖစ္ ေျပာင္းလဲခဲ့တဲ့ ပင္နယ္တီအတြက္ ကြင္းထဲမွာ ဆက္ေနခဲ့ေပမယ့္လည္း မၾကာခင္မွာ အရန္ဂိုးသမား စတီဖန္ေအာ္ေတဂါ နဲ႔ အစားထိုးခံခဲ့ရပါတယ္။

အာဆင္နယ္ က ဂိုးကြာျခားခ်က္အသာနဲ႔ လီဗာပူးကို ဦးေဆာင္ေနၿပီး မန္စီးတီး က သူတို႔ေနာက္မွာ တစ္မွတ္ပဲ ေလ်ာ့ၿပီး တတိယေနရာမွာရွိေနတာပါ။ အာဆင္နယ္ က မန္စီးတီးရဲ့ အီတီဟတ္ကြင္းကို မတ္လ ၃၁ ရက္မွာ သြားကစားရမွာျဖစ္ပါတယ္။

အသက္(၃၀)အရြယ္ဂိုးသမားအီဒါဆင္ဟာ ဒဏ္ရာေၾကာင့္ အဂၤလန္၊ စပိန္တို႔နဲ႔ကစားမယ့္ ေျခစမ္းပြဲအတြက္ ဘရာဇီးလက္ေရြးစင္အသင္းကေန ႏုတ္ထြက္ရဖြယ္ရွိပါတယ္။

======

မန်စီးတီးဂိုးသမား အီဒါဆင် တစ်လ၀န်းကျင်အနားယူရဖွယ်ရှိ

မတ် ၁၃

ပေါင်ဒဏ်ရာကြောင့် တစ်လ၀န်းကျင်အနားယူရဖို့ ရှိတဲ့ မန်စီးတီးဂိုးသမား အီဒါဆင် က ပရီးမီးယားလိဂ်ဖလားအတွက် အရေးပါတဲ့ အာဆင်နယ်နဲ့ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က လီဗာပူး နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးဂိုးသမား အီဒါဆင် က ပင်နယ်တီပေးခဲ့ရတဲ့ အမှားကျူးလွန်ရင်း သူ့ကိုယ်သူ ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

အီဒါဆင် က မက်အယ်လစ္စတာ က ဂိုးအဖြစ် ပြောင်းလဲခဲ့တဲ့ ပင်နယ်တီအတွက် ကွင်းထဲမှာ ဆက်နေခဲ့ပေမယ့်လည်း မကြာခင်မှာ အရန်ဂိုးသမား စတီဖန်အော်တေဂါ နဲ့ အစားထိုးခံခဲ့ရပါတယ်။

အာဆင်နယ် က ဂိုးကွာခြားချက်အသာနဲ့ လီဗာပူးကို ဦးဆောင်နေပြီး မန်စီးတီး က သူတို့နောက်မှာ တစ်မှတ်ပဲ လျော့ပြီး တတိယနေရာမှာရှိနေတာပါ။ အာဆင်နယ် က မန်စီးတီးရဲ့ အီတီဟတ်ကွင်းကို မတ်လ ၃၁ ရက်မှာ သွားကစားရမှာဖြစ်ပါတယ်။

အသက်(၃၀)အရွယ်ဂိုးသမားအီဒါဆင်ဟာ ဒဏ်ရာကြောင့် အင်္ဂလန်၊ စပိန်တို့နဲ့ကစားမယ့် ခြေစမ်းပွဲအတွက် ဘရာဇီးလက်ရွေးစင်အသင်းကနေ နုတ်ထွက်ရဖွယ်ရှိပါတယ်။