ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်ရှုတ်ချ

 

စလင်း ၊ သြဂုတ် (၄)

နိုင်ငံခြားသားကလေး မွေးစားခွင့်ဟု လူသိများနေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအား ကန့်ကွက်ရှုတ်ချပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ် ခဲ့သည့် လှုပ်ရှားမှုကြီး တစ်ရပ်အား မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ယမန်နေ့ နံနက် (၈) နာရီက စတင် ပြုလုပ်ခဲ့သည်။

ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော်လည်း ချီတက်လမ်းလျှောက်စဉ် နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့် မပြုသည့် အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို သံဃာတော် (၂၀၀) ခန့်၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အခြား ပါတီဝင်များ၊ မျိုးချစ်အင်အားစုများနှင့် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ပါဝင်တက်ရောက်ပြီး စလင်းမြို့ ခံတွင်းကွင်းတွင် ယင်းဥပဒေအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပွင့်ဖြူမြို့နယ် ပါတီကော်မတီဝင် ဦးလင်းဇော်အောင် နှင့် ဘူးလက်ဂျာနယ်ထုတ်ဝေသူ ဘူးလက်လှဆွေတို့က ဟောပြောကြသည်။

ယင်းနောက် ဆန္ဒပြလူထုကြီးသည် –

(၁) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး – ဒို့အရေး

(၂) တိုင်းပြည်အဖျက်ရန်မှန်သမျှ – ဆန့်ကျင်ကြ

(၃) ပြည်ပအကြံသြဇာခံ – အလိုမရှိ

ကြွေးကြော်သံများ ဟစ်ကြွေးကာ ခံတပ်ကွင်းမှ ဝက်သည်းကန်အထိ ချီတက်ဆန္ဒပြကြပြီး လူထုဆန္ဒ ဖော်ထုတ်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။