ပြည်ထောင်စုနယ်မြေ လူငယ်တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင်ရှိ မြို့နယ်ရှစ်မြို့နယ် လူငယ်တာဝန်ခံများနှင့် ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပါတီဌာနချုပ် လူငယ်ရေးရာဌာနဌာနမှူး ဦးတင့်ဇော်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်းက အဖွင့် အမှာစကားပြောကြားခဲ့ ပြီး လူငယ်ရေးရာဌာန ဌာနမှူး ဦးတင့်ဇော်က လူငယ်ရေးရာလုပ် ငန်းဆောင်တာများ၊ လူငယ်နှင့် ပတ်သက်ပြီး ရှေ့လုပ် ငန်းစဉ်များ ကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စု နယ်မြေလူငယ်တာဝန်ခံနှင့် ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့က ဆွေး နွေးခဲ့ကြပြီး တက်ရောက်လာကြသော မြို့နယ်လူငယ်တာဝန်ခံများက မြို့နယ်အလိုက်တင်ပြခဲ့ကြရာ ပြည်ထောင် စု နယ်မြေအတွင်းရေး မှူးဦးဌေးဝင်းက ပြန်လည်ဖြည့်စွက် ညှိနှိုင်းဆောင် ရွက်ပေးပြီး မွန်းလွဲ ၁ နာရီတွင် ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)