စလင်းမြို့နယ် ကံပြားကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေး ဆိုင်းဘုတ်တင်

 

စလင်း ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကန်ပြားကျေးရွာ၌ ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။ မင်္ဂလာအချိန်တွင် ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီ ဆိုင်းဘုတ်ကို စိုက်ထူကြပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းခိုင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ပါတီဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးဝင်းခိုင်၊ ဦးဌေးအောင်၊ ဦးစိုးဝင်း၊ ဦးညွန့်လှိုင်တို့နှင့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသာချို၊ ပါတီရပ်ကျေးကော်မတဝင် ဦးထွန်းမင်း၊ ဦးအောင်မျိုးသက်တို့က ရပ်ကျေးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

အဆိုပါ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဆိုင်းဘုတ်တင်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီကို ထောက်ခံအားပေးသူ ဒေသခံအင် အား ၅ဝ ခန့် ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။စစ်ကြည်(စလင်း)