ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ညီလာခံတက်ရောက်ခဲ့သည့် လူငယ်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ဇွန်လ (၆) ရက်နံနက် (၁၁) နာရီက ပြည်ခိုင်ဖြိုးဗဟိုလူငယ်ညီလာခံသို့တက်ရောက်ခဲ့သည့် လူငယ်ပါတီဝင်များအား ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှတွေ့ဆုံ၍ လမ်းညွှန်သြဝါဒစကားပြောကြားကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များတိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ လူငယ်တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။ ထို့နောက် တိုင်းပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ယနေ့လူငယ်ညီလာခံတက်ရောက်ခဲ့သည့်လူငယ်များအား တွေ့ဆုံရခြင်းမှာ ပါတီဥက္ကဌကြီး၏လမ်းညွှန်မှာကြားချက်များကို ပြန်လည်ပြောကြားလို၍ဖြစ်ကြောင်း
လူငယ်ပါတီဝင်များသည် မြို့နယ်ခရိုင်နှင့်တိုင်းပါတီကော်မတီရုံးများနှင့် အဆက်အသွယ်မပြတ်စေလိုကြောင်း၊ လူငယ်အင်အားများတိုးတက်အောင်ဆောင်ရွက်စေခြင်ကြောင်း၊ မြို့နယ်ခရိုင်တိုင်းပါတီများကလည်း လူငယ်များကို တာဝန်ပေးအပ်ကြဖို့လိုကြောင်း၊ လူငယ်ပါတီဝင်များကလည်း ပါတီလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဗဟုသုတရရှိမည့်စာအုပ်စာပေများကိုလည်း လေ့လာကြစေခြင်ကြောင်း၊ လူငယ်များပါတီတာဝန်များကိုတိုးမြှင့်ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။ ထို့နောက်ခရိုင်ပါတီဥက္ကဌများမှ လူငယ်ပါတီဝင်များနှင့်ပါတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲေ့ကြာင်းသိရှိရသည်။

ထိန်ဝင်း(YGN)