ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ဒုတိယအတွင်းဝန် Ms.Lucinda Kaval အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ဒုတိယအတွင်းဝန် Ms. Lucinda Kaval အား ယမန်နေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံချစ် ကြည်ရေးနှင့်လာမည့် ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် ကလေး သူငယ်အခွင့်အရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့်အတူ ဗဟိုကော်မတီဝင်ဦးရဲ ထွဋ်အောင်၊ ပါတီပြောရေးဆိုခွင့်ရှိ သူဦးသိန်းထွန်းဦးတို့ တက်ရောက် ခဲ့ကြသည်။